ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိင်းရေးအဖွဲမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကြေညာချက်အမှတ်(၃/၂၀၂၃)ဖြင့် ကောလင်းခရိုင်၊ မြိုနယ်အတွင်းမှ (Civil Disobedience Movement)တွင် ပါဝင်ခဲ့သည့် ဝန်ထမ်းများအား ဖိတ်ခေါ်ခြင်းကို ထုတ်ပြန် ကြေညာခဲ့ကြောင်း တွေ့ရပါသည်။
၁။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြိုကို အမှတ်(၁)စစ်ဒေသ ခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ) နှင့် တော်လှန်ရေးအဖွဲများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသည်။
၂။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိင်းရေးအဖွဲကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့်အမှတ်(၁/၂၀၂၃)ဖြင့် ဖွဲစည်းတာဝန် ပေးအပ်ခဲ့ပါသည်။
၃။ အဆိုပါ ကောလင်းခရိုင်၊ ကောလင်းမြိုကို သိမ်းပိုက်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲမှ ဆောင်ရွက်နေသည့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် ကောလင်းခရိုင်၊ မြိုနယ်အတွင်းရှိ ဌာနအသီးသီးမှ CDM ဝန်ထမ်းများအနေဖြင့် ခရိုင်/မြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲများထံသို ဆက်သွယ် သတင်းပေးပို တာဝန်ထမ်းဆောင်နိုင်ပါကြောင်း အသိပေး ဖိတ်ခေါ် ကြောင်း ဖော်ပြထားပါသည်။