စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ရှိ မုတ်စီကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများပြားခဲ့ကြောင်း သတင်းရရှိသည်။
မုတ်စီကျေးရွာသို့ နိုဝင်ဘာ ၁၆ရက် ညနေက ဝင်ရောက်လာသည့် အက်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဦးဆောင်ပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“၂၁ လုံးသွားထုတာ။၂၀ကွဲတယ်။ သူတို့ တော်တော်လေး အထိနာပြီးပြန်ဆုတ်သွားတယ်” ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာ ၁၇ ရက်တွင် စစ်ကောင်စီက မြို့ခံများကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း သိရပါသည်။