ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အင်အားထပ်ဖြည့်ပြ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့(နိုဝင်ဘာ ၁၇)နေ့လယ် ၂ နာရီခွဲခန့်က အင်အား ၅၅ ဦးဖြင့် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တောင်ခမောက်ရွာနှင့်ကိုင်းကွင်းရွာကြားတွင် ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှတပ်ခွဲအသီးသီးမှရဲဘော်များနှင့် စနိုက်ဘာအဖွဲ့၊ တပ်ရင်း ၃၆၀၂၊ တပ်ခွဲ(၃) နှင့် (၄)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုတွင် (၆၀)မမ၊ (၄၀) မမ၊ စနိုက်ပါအပါအဝင် လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ စစ်ကောင်စီတပ်မှ တစ်ဦးသေကာ သုံးဦးနှင့်အထက် ဒါဏ်ရာရရှိသွားကြောင်း တပ်ရင်း (၃၆၀၁)မှ တာဝန်ရှိသူက ပြောသည်။
“အရင်နေ့က အဖွဲ့ပဲ။ ဘယ်မှမထွက်ရဲဖြစ်နေတာ ဒီကောင်တွေက။ အင်အား ထပ်ဖြည့်ထားတယ်”ဟု စစ်ကောင်စီတပ်လှုပ်ရှားမှုအခြေအနေကို ၎င်းတာဝန်ရှိသူက People’s Spring သို့ ရှင်းပြသည်။
အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် အင်အား ၂၃ ဦးခန့်ဖြင့် နိုဝင်ဘာ ၁၄ရက်ကတည်းက ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ယင်းနေ့နံနက်ပိုင်းတွင် ပြည်ခရ်ိုင် တပ်ရင်း ၃၆၀၁၊ Sniper တပ်ခွဲ၂ နှင့် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၄ တို့က ကြို့ကုန်းရွာအနောက်ဘက်ကုန်းပေါ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
ထို့ကြောင့် ယမန်နေ့က တိုက်ခိုက်ခဲ့သည့် တောင်ခမောက်ရွာနှင့် ကိုင်းကွင်းရွာကြားတွင် ဆက်လက်တပ်စွဲထားကာ သစ်ပုတ်တာဝိုင်တိုင်စခန်းဘက်မှ အင်အားထပ်ဖြည့်ထားသောကြောင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နိုင်ခြေရှိကြောင်း စုံးစမ်းသိရသည်။
အထက်ပါတိုက်ခိုက်မှုအတွင်း ကြမ်းဖက်ဏစစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက် သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာအထိအခိုက်မရှိ ဆုပ်ခွာနိုင်ခဲ့သည်။