အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ဓမ္မအမှန်တရားအတွက်
ငါတို့အသက်တွေနဲ့ လောင်းကြေးထပ်ထားပြီးသား ဖက်ဆစ်စနစ်ကို အမြစ်ပြတ်ကို ပြတ်အောင်တွန်းလှန်ကြရပါမယ်။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။