ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်အကျဉ်းထောင်အတွင်းသို့ လေထီးဖြင့် ထောက်ကူ ချပေးသည့် ခဲယမ်းသေတ္တာများကို ကြားဖြတ်သိမ်းယူနိုင်ခဲ့ကြောင်း DMO Local PDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခွန်းဖရန့်စစ်က ပြော ကြားသည်။
ယနေ့နိုဝင်ဘာလ ၁၉ ရက် ညနေ ၃ နာရီခန့်က လွိုင်ကော်မြို့ အကျဉ်းထောင်အနီး၌ အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်မှ မြေပြင်ထောက်ပို့ ပေးနိုင်ခြင်းမရှိတော့သဖြင့် လေကြောင်းမှ တဆင့် လေထီးဖြင့် လက်နက်ခဲယမ်းကျည်များကို ချပေးခဲ့ရာ ယင်းအထဲမှ အချို့ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ကြား ဖြတ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ထောင်ထဲမှာ ခြေလျင်နဲ့ စစ်ကူ မပို့နိုင်တော့ ခဲယမ်းပို့လာတာပေါ့၊ စုစုပေါင်း ၁၅ ခုအထက် ချတာ၊ အခု လောလောဆယ်က တစ်ခုရတာ၊ နောက်ထပ် တစ်ခုနှစ်ခုတော့ ရှိသေးတယ်၊ စုဗုံးကြီး၊ ၄၀ မမ ဗုံးသီး လို့လဲ ခေါ်တယ်၊” ဟု DMO Local PDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခွန်းဖရန့်စစ်က ပြော ကြားသည်။