စစ်ကောင်စီတပ် လက်အောက်ခံတပ်တွေမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ ထံ လက်နက်တွေနဲ့အတူ ပူးပေါင်းအလင်းဝင်ရောက်ခဲ့သူ ၄ ဦးကို ဆုကြေးငွေတွေ ဒီနေ့ချီးမြှင့်တယ်လို့ သိရပါတယ်
စက်တင်ဘာနဲ့နိုဝင်ဘာလတွေအတွင်းက လာရောက်ပူးပေါင်းသူများဖြစ်ပြီး ဖာပွန်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ-၃၄၀ မှ တပ်သား ၂ ဦး၊ ခမရ-၃၄၁ မှ တပ်သားတစ်ဦးနဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်မှ တပ်သားတစ်ဦးတို့ လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။
အလင်းဝင်လာသူတွေဟာ MA 1၊ MA 2 နဲ့ ကျည်ဘောက်တွေ၊ ကျည်ဆန်တွေနဲ့အတူ အလင်းဝင်လာတာဖြစ်ပြီး တစ်ယောက်စီကို ကျပ်သိန်း ၁၅ သိန်းချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ဆုကြေးချီးမြှင့်ပြီးနောက် အလင်းဝင်လာသူတွေကို သူတို့ရဲ့ဆန္ဒအတိုင်း ဘေးလွတ်ရာသို့ ပို့်ဆောင်ပေးပြီးဖြစ်တယ်လို့ KNU မူတြော်သတင်းစဉ်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။