KNU တပ်မဟာ ၅ နယ်မြေတွင် ၁၅ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း KNU -မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မူတြော်ခရိုင်၊ အမှတ် ၅ တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း ၌ ကရင်အမျိုးသားလွတ်ရေးတပ်မတော် – KNLA နှင့် အကြမ်းဖက်စစ်ကောင်စီတပ်၊ စစ်အုပ်စုလက် အောက်ခံ BGF တပ်တို့ကြား တိုက်ပွဲပေါင်း ၂၅ ကြိမ်ဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးကာ ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦးအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး KNLA တပ်ဖွဲ့ ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် လွယ်ဒိုးမြို့နယ်၊ မထောကျေးရွာအုပ်စု၊ တန်ဟူးလော် ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လူနေအိမ်တစ်လုံးပျက်စီးခဲ့ပြီး နွားတစ်ကောင်သေဆုံးခဲ့ကြောင်း၊ ထို့ အပြင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ၁၂၂ မမ၊ ၁၂၀ မမ၊ ၈၀ မမ၊ ၆၀ မမ လက်နက်ကြီး များဖြင့် ၄၆ ကြိမ်ပစ်ခတ်ခဲ့ရာ ပြည်သူများ၏ တောင်ယာ၊ လယ်ယာ စိုက်ခင်းများအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများလည်း ရှိကြောင်း သိရသည်။