ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြိုနယ် ၁၀၅ မိုင်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး အောက်နမ့်ဟွယ်ကျေးရွာ၊ ဇေယျမဂ်လာဘုန်းကြီးကျောင်းတိုက်အတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး သံဃာတော်တပါးဒဏ်ရာရခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၁၁နာရီ ၅၀မိနစ်အချိန်က ၁၀၅ မိုင်တပ်စခန်းက ပစ်ခတ်တဲ့လက်နက်ကြီးဟာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင်ကြီး ၁ ပါးရဲ့ ပေါင်နှစ်ဖက်လုံးကို ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တာပါ။
ဒါ့အပြင် Supercustom လိုင်စင်ကား (၁)စီး၊ Tiger 4w လိုင်စင်ကား (၁)စီး၊ Nissan ကား(၁)စီး စုစုပေါင်း ကား(၃)စီးနဲ့ ကျောင်းအဆောက်အဦး (၃)လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
အလားတူ ဒီနေ့မနက် ၉နာရီ ဝန်းကျင်မှာလည်း အကြမ်းဖက် စစ်ကောင်စီရဲ့ စခန်းသစ်တပ်စခန်းကနေ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးမှာ နမ့်ခမ်းမြို၊ မန်လုံကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။