စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စစ်ကောင်စီတပ်စခန်းတခုကို နိုဝင်ဘာ ၂၃ရက် ဒီမနက် ၁၀နာရီကျော်မှာ အပြီးအသတ် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ ကနီ PDFက ပြောပါတယ်။
ကနီမြို့နယ်၊ ဆယ်ရွာချောင်နဲ့ လာပို့ရွာအနီးမှာရှိတဲ့ အင်အား ၄၀ နီးပါးရှိပြီး မြေအောက်တိုက်ခန်းသုံးခုနဲ့ အခိုင်အမာပြုလုပ်ထားတဲ့ ဆက်သွယ်ရေးတပ်စခန်းကို နိုဝင်ဘာ ၂၂ရက် မနေ့ကမနက် ၆နာရီကျော်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီကနေ့မနက်မှာ သိမ်းပိုက်ရရှိတာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တိုက်လေယာဥ် ၁စီးနဲ့ ဗုံးကြဲတိုက်ကူပေးခဲ့တာကြောင့် PDF ရဲဘော် ၄ ဦးသေဆုံးခဲ့သလို ၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်မှလည်း တိုက်ပွဲအတွင်း ၂၀ ဦးခန့် သေဆုံးခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် ၁၀၀ခန့် သိမ်းဆည်းရခဲ့တယ်လို့သိရပါတယ်။