နွေဦးဘဏ် (Spring Development Bank) အစုရှယ်ယာဝယ်ယူမှုမှာ ပြည်သူ့ဓန ဆက်ဆံရေးအရာရှိ (Relationship Manager) အဖြစ်အယောင်ဆောင်ကာ လိမ်လည်မှုများရှိနေတယ်လို့ နွေဦးဘဏ်က ဒီနေ့ မှာအသိပေးထုတ်ပြန်လိုက်ပါတယ်။
အစုရှယ်ယာဝယ်ယူနိုင်ခွင့် နောက်ကျတာနဲ့ လက်လွတ်သွားမှာကို စိုးရိမ်နေတဲ့ ပြည်သူတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီးတော့ တယ်လီဂရမ်ချန်နယ်တွေနဲ အခြားသော ဆက်သွယ်ရေးလမ်းကြောင်းတွေကို အသုံးပြုပြီးတော့ ငွေကြေးလိမ်လည်မှုတွေ စတင်ပေါ်ပေါက်နေပြီလို့ နွေဦးဘဏ်က အသိပေးထုတ်ပြန်ခဲ့တာပါ။
ငွေကြေးလိမ်လည်သူတွေက ပြည်သူ့ဓန ဆက်ဆံရေးအရာရှိ (Relationship Manager) အဖြစ် အယောင် ဆောင်ကာ ပြည်သူတွေကို တိုက်ရိုက်ဆက်သွယ်ပြီး လိမ်လည်နေတာဖြစ်ပြီးတော့ အဲဒီလို လိမ်လည်မှု ဖြစ်စဉ်တွေကို screenshot တွေ ရထားတယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ ငွေဖြည့်/ ငွေလွှဲ ကိစ္စရပ်များအားလုံး ကို မိမိ တို့ရဲ့ နွေဦးဘဏ် အကောင့် မှာ ရှာတွေ့နိုင်မယ့် Relationship Manager များမှ လွဲပြီး တိုက်ရိုက်ဆက်သွယ်လာသူ မည်သည့် သူစိမ်းတယောက်ကိုမှ ငွေလွှဲပြောင်းခြင်း မပြုလုပ်ကြပါရန် မေတ္တာရပ်ခံ အသိပေးထားပါတယ်။
လိမ်လည်မှု screenshot တွေကို နွေဦးဘဏ် အသုံးပြုသူများစုဝေးရာ https://t.me/SpringDevBankCommunity တယ်လီဂရမ်ချန်နယ်မှာ ကြည့်ရှုနိုင်ပါတယ်။