ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင်းက ရိုးရာယာဥ်ကျေးမှု အမွေအနှစ်နဲ့ ဘာသာရေး အဆောက်အအုံတွေ စစ်ကောင်စီတပ် ဖျက်ဆီးခဲ့တဲ့ သက်သေ ရုပ်သံကို ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်မှာ MNDAA က ထုတ်ပြန်လိုက်ပါတယ်။
ကိုးကန့်ဒေသတွင်း တောင်ကုန်းတွေပေါ်မှာ ဆောက်လုပ်ထားတဲ့ ရိုးရာယာဥ်ကျေးမှု အမွေအနှစ် ဘာသာရေး အဆောက်အုံတွေကို စစ်ကောင်စီတပ်က ဖျက်ဆီးပြီး ခံစစ်စခန်းတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
MNDAA က ထုတ်ပြန်တဲ့ ရုပ်သံမှာတော့ ရင်းရှင်းတောင်ကုန်း နတ်ဘုရားကျောင်း အဆောက်အအုံ တံခါးတွေ၊ နတ်ရုပ်ထုတွေ၊ အမွှေးတိုင်အိုးတွေကို ဖျက်ဆီးပြီး ကတုတ်ကျင်း တည်ဆောက်ထားတာကို တွေ့ရပါတယ်။
ရှမ်းမြောက် တိုက်ပွဲတွေ အတွင်း စစ်ကောင်စီက ရိုးရာယဥ်ကျေးမှု ဘာသာရေး အဆောက်အအုံတွေ ဖျက်ဆီးပြီး ခံစစ် တည်ဆောက်တာ၊ အများပြည်သူတွေ နေထိုင်တဲ့ နေရာတွေမှာ တပ်စွဲတာတွေ ပြုလုပ်လေ့ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။