မကွေးတိုင်း၊ ပခုက္ကူ ခရိုင် အတွင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ရဲဘော်တွေက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်း ဖက် မှု ပပျောက် ရေး အထိမ်းအမှတ်အနေနဲ့ တက်ကြွစွာပါဝင် ဆင်နွှဲခဲ့တယ်လို့ (MOWYCA) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူ ငယ်ရေးရာ ဝန်ကြီးဌာနက ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန် ထားပါတယ်။
အမျိုးသမီးနှင့်မိန်းကလေးများကို ကာကွယ်ဖို့ အတူတကွ ပါဝင် ပံ့ပိုးစို့ ဆိုတဲ့ ဆောင်ပုဒ်များကို ကိုင်ဆောင်ထားပြီး PDF ရဲဘော် တွေက အဆိုပါ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။