ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံး ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုသည့်အနေဖြင့် ယနေ့ (နိုဝင်ဘာလ ၂၆ ရက်နေ့)တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဈေးတစ်နေရာတွင် တော်လှန်ပြည်သူစုံတွဲက တော်လှန်လုံခြည်ဝတ်ဆင်ပြသခဲ့သည်။ တော်လှန် လုံခြည်တွင် ၁၁ ၂၇ ဟုရေးသားထားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာ ဆောင်ရွက်မည့် စစ်ဆင်ရေး Nationwide Operation မှာ ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်သည့် နိုဝင်ဘာလ (၂၇) ရက်နေ့ (၁၁ ၂၇ )တွင် နောက်တစ်ဆင့် တက်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ထားသည်။