ရန်ကုန်မြို့လယ်တစ်နေရာတွင် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) ရဲဘော်များမှ “မီးကုန် ယမ်းကုန် ရိက္ခာကုန် တပ်တွင်းသူပုန် ထလိမ့်မယ်” စာသားပါ ဘန်နာကို ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ပြုလုပ်ခဲ့ကြသည်။
အဆိုပါလှုပ်ရှားမှုကို Youths Scout for Democracy (YSD) မှလည်း ကင်းထောက်ပံ့ပိုးမှုဖြင့် ပါဝင်ကူညီပေးခဲ့ကြောင်း သိရှိရသည်။