စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ လက် အောက်ရှိ မင်းကွန်းဒေသ သစ်တောရုံးဝင်း အတွင်းမှာ ပြည်သူ့ ကာကွယ်ရေးတပ်မတော်ရဲ့ အလံတော်ကို လွှင့်တင် ထားတယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့ ဒေသခံတွေရဲ့ သတင်းပေးပို့ချက်များအရ သိရှိ ရတယ်လို့ မင်းကွန်း တိုက်နယ် – သတင်းမှန်ပြန်ကြားရေးက နိုဝင်ဘာ ၂၅ ရက်စွဲနဲ့ အသိ ပေးထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အလံတော်လွှင့်ထူခဲ့တဲ့ သစ်တောဝင်းမှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မင်းကွန်း ရဲစခန်း နဲ့ ၁ မိုင်ခန့်သာ ကွာဝေးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မင်းကွန်း ရဲစခန်းအနီးအနားက ပြည်သူတွေ ပြောင်းရွှေ့ပေးဖို့ မင်းကွန်း (ပကဖ)ကထုတ်ပြန်ခဲ့ပါတယ်။