ဂျပန်နိုင်ငံတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်လူမျိုး သူငယ်ချင်းဖြစ်သူ Mrs. Miyashita Natsuo တို့ အလွတ်သဘော တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည်။
တွေ့ဆုံပွဲတွင် Mrs. Miyashita Natsuo နှင့်အတူ မြန်မာ့အရေး စိတ်ဝင်စားသူ ဂျပန်လူမျိုးများ ၊သတင်းမီဒီယာများနှင့် Talk Show အစီအစဉ်တခု ပြုလုပ်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်လူမျိုး သူငယ်ချင်းဖြစ်သူ မီယာရှီတာ နာစုအိုစံ သည် Oxford University တွင်ပညာသင်ကြားနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ခင်မင်ရင်းနှီးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ထိန်းသိမ်းခံရစဉ်ကာလများတွင်လည်း ဂျပန်နိုင်ငံအတွင်းဓာတ်ပုံပြပွဲများပြုလုပ်ကာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ကြိုးစားခဲ့သူလည်း ဖြစ်ကြောင်း NUG နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
Mrs. Miyashita Natsuo သည် ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်ထိန်းသိမ်းခံရစဉ်ကာလများတွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ကြိုးစားခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာချိန်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏အကူအညီတောင်းခံမှုကြောင့် မြန်မာနိုင်အတွင်း ရွေ့လျားစာကြည့်တိုက်ကို စတင်ကူညီခဲ့သူတယောက်ဖြစ်ကြောင်း၊ စစ်တပ်မှ အာဏာသိမ်းယူပြီး နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဓာတ်ပုံပြပွဲများ၊Online မှ ဆုတောင်းပွဲများကို ပြုလုပ်၍ Higashi Honganji ဘုရားကျောင်းမှ အကြီးဆုံးဆရာတော် အိုးတာနီ နှင့်အတူ ဂျပန်မိတ်ဆွေများ၊မြန်မာ့နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူများနှင့်ပူးပေါင်းကာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ကူညီဆောင်ရွက်နေသူဖြစ်ကြောင်း သိရှိရသည်။