ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော၊ အရှေ့ဘက်စောင်းတန်းတွင် “ရန်ကုန်မှာပြန်ဆုံမယ် ” စာတန်းကို ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က ချိတ်ဆွဲခဲ့ပြီး အရပ်ဝတ်များက လိုက်လံဖမ်းဆီးသော်လည်း လူငယ်များ လွတ်မြောက်ခဲ့ကြောင်း ရေဘဝဲမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယနေ့ လုံခြုံရေးအထူးတင်းကျပ်ထားသည့် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်းတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)က ရန်ကုန်မှထွက်ခွာ၍ နိုင်ငံတော်တဝှမ်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို ရောက်ရှိနေကြသောတော်လှန်ရေးရဲဘော်ရဲဘက်များ၊အကျဥ်းထောင်အသီးသီးသိုရောက်ရှိနေကြသော နိုင်ငံရေးအကျဥ်းသားရဲဘော်ရဲဘက်များ နှင့် ရန်ကုန်ပြည်သူလူထုများ ရန်ကုန်တွင်ပြန်ဆုံကြမည်ဟူသော ရည်ရွယ်ချက်ဖြင့်ရန်ကုန်လူထုနှင့်အတူ “ရန်ကုန်မှာပြန်ဆုံမယ်” စာတန်းအားချိတ်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းအားချိတ်ဆွဲနေစဥ် ဂေါပကအဖွဲ့ဝင်လုံခြုံရေးများ၏လှုံ့ဆော်မှုဖြင့် အနီးဝန်းကျင်ရှိ အရပ်ဝတ်များက အော်ဟစ်ဆဲဆိုကာ လိုက်လံဖမ်းဆီးခဲ့ကြသော်လည်း ရေဘဝဲအဖွဲ့မှ လူငယ်များ ဘေးကင်းလွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။