စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပန်းသာကျေးရွာ၌ နိုဝင်ဘာ ၂၇ ယနေ့မနက် ၆ နာရီလောက်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့(NLA)နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့တို့ကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပြီးတိုက်ပွဲပြင်းထန်တယ်လို့သတင်းရရှိပါတယ်။
တိုက်ပွဲမှာ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံတောက်လျှောက်ကြားနေရပြီး ၈ နာရီခန့်တွင်အသံငြိမ်သွားတယ်ဒေသခံတစ်ဦးပြောပြလာပါတယ်။
တမူးမြို့နယ်ပန်းသာစစ်ကောင်စီစခန်းကိုသိမ်းဆည်းနိုင်ရန် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(NLA)နဲ့ မဟာမိတ်အဖွဲ့ကြိုးစားနေတာဖြစ်ပြီးမကြာခဏဆိုသလိုတိုက်ပွဲပြင်းထန်ဖြစ်ပွားတတ်ပါတယ်။
ပန်းသာကျေးရွာဟာ တမူး-ကလေး ကားလမ်းမပေါ်မှာရှိပြီး တမူးမြို့မှ ၆ မိုင်ကျော်လောက်ကွာဝေးကြောင်း သိရပါသည်။