ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဘန်ခရိုင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ဂျာရာ တပ်ရင်း(၅၆၇)၊(၅၆၈) တို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး၊ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းများကို လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ထားတယ်ဆိုတာနဲ့ လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားတယ်လို့ MNDAA မှ ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်းဂျာရာ တပ်ရင်းကို နိုဝင်ဘာ ၁၉ ရက်၊မနက် ၄ နာရီ ၃၀ မိနစ်မှာ AA ၊ KNDF မဟာမိတ် တပ်ဖွဲ့များနဲ့ ၆ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ နိုဝင်ဘာ ၂၄ ရက်နေ့၊ ညနေ ၅ နာရီ မိနိစ် ၃၀ အချိန်တွင် အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရှိရပါတယ်။
အဆိုပါ စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၁၆ ဦး သေဆုံးပြီး၊စစ်သုံ့ပန်း ၃၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ ဒဏ်ရာရ စစ်သုံ့ပန်းများကို ဆေးကု သပေးခဲ့ပြီး၊ လူသားချင်စာနာထောက်ထားမှုအဖြစ်၊ လူ့အခွင့် အရေးနှင့်အညီ ထိန်းသိမ်းထားရှိတယ်လို့ ဖော်ပြထားပါတယ်။