မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ ပြည်သူ့အခြေပြုစာသင်ကျောင်းမှာ ကျောင်းသားများ ၊ ဆရာများ နဲ့ ကျေးရွာပြည်သူလူထုတွေကို အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ် ရေးရာ တာဝန်ခံ တို့မှ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုဖြစ်ပေါ်စေတဲ့အကြောင်း အရင်းများနဲ့ ပံ့ပိုးပေးနေသော အချက်များကို အသိပညာပေး ရှင်းလင်းပြောကြားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ Ministry Of Women ,Youth and Children Affairs က သတင်းထုတ်ပြန်ထားပါတယ်။
ဒါအပြင် အမျိုးသမီးနဲ့ မိန်းကလေးများကို ကာကွယ်ဖို့ အတူတကွ ပါဝင်ပံ့ ပိုးစို့ ဆိုတဲ့ ခေါင်းစဥ်ဖြင့် ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို ရေစကြိုမြို့နယ် (ပအဖ)၊ (ပကဖ) ၊ ပညာရေးအဖွဲ့များနဲ့ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးတာ တာဝန်ခံတို့မှ ပူးတွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ ဖော်ပြထားပါတယ်။