အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “အဓိကနဲ့သာမညကို ခွဲပါ၊နိုင်ငံအေးချမ်း အဆင်ပြေလာဖို့ အာဏာရှင်အုပ်စုကိုဖြုတ်ဖို့အဓိကပဲ၊ သူတို့ပြုတ်မှ နိုင်ငံဟာအေးချမ်းအဆင်ပြေလာမှာပါ။” စာတန်းများကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။