ကျောက်ဖြူမြို့မာ နိုဗမ်ဘာ ၂၈ရက်နိ၊ညည့်အချိန် စစ်ကောင်စီတပ်နန့်ပလိပ်ပူးပေါင်းအင်အား ၃၀ ယောက်လောက်က မြို့ခံအရပ်သားပြည်သူ ၆ ယောက်ကို ဖမ်းဆီးလားရေလို့ သိရပါရေ။
ဖမ်းဆီးခံရရေလူတိစွာ ကျောက်ဖြူမြို့၊ကုလာဘာတောင်ရပ်ကွက်က ဦးမောင်သိန်းကြည်(၆၄နှစ်)၊ ဦးဘခင်အောင်(၄၅နှစ်)၊ ဦးထွန်းမင်ဌေး(၃၅နှစ်)၊ ဦးတင်မောင်ချေ(၃၇နှစ်)၊ ကိုအောင်သန်းစိုး(၂၇နှစ်)၊ ကိုရင်ကြီးလူထွက်(အရပ်ခေါ်)(၅၀နှစ်) ရို့ဖြစ်ပါရေ။
နိုဗမ်ဘာ ၂၈ရက်နိ၊ညည့် ၉နာရီခွဲလောက်က အကြောင်းတစုံတရာမဟိဘဲ စစ်ကောင်စီတပ်နန့်ပလိပ်တပ်ဖွဲ့ဝင်တိ ပူးပေါင်းပြီးကေ ၎င်းရို့၏ နီအိမ်တွင်းသို့ ဝင်ရောက်ဖမ်းဆီးလားစွာလို့ ဒေသခံတိကပြောပါရေ။
ရက္ခိုင့်တပ်တော်နန့်တိုက်ပွဲဖြစ်တိုင်း စစ်ရီးအရ အရေးနိမ့်လာရေဆိုကေ စစ်ကောင်စီစွာ ရက္ခိုင်က အပြစ်မဲ့ပြည်သူတိကို အကြောင်းအမျိုးမျိုးပြဖမ်းဆီးလိဟိပါရေ။
ဒေဂုလည်း နိုဗမ်ဘာ ၁၃ ရက်နိကစလို့ ရက္ခိုင့်တပ်တော်နန့် စစ်ကောင်စီတပ်ရို့ တိုက်ပွဲဖြစ်ပွားခပြီးနောက်ပိုင်း စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲ၊ ဘူးသီးတောင်၊ ရသေ့တောင်အပါအဝင် ရက္ခိုင်ပြည်မြို့နယ်တိက အပြစ်မဲ့ပြည်သူ ၇၀ ထက်မနည်းကို စစ်ကောင်စီ ဖမ်းဆီးထားကြောင်း စုံစမ်း သိဟိရပါရေ။