မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ အမှတ် ၂၀ ကာကွယ်ရေး ပစ္စည်းစက်ရုံ – ကပစ ၂၀ ကို ရော့ကတ်ဒုံးအလုံး ၂၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စက်ရုံယမ်းသိုလှောင်ရုံထိမှန်ခဲ့ပြီး မီးလောင်နေ ကြောင်း PRA (Magway )မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်ခန့်အချိန် စေတုတ္တရာမြိုနယ်အခြေစိုက်၊ အမှတ်၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံကို MH-60R Rocket အလုံး၂၀ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စက်ရုံဝင်းနှင့် စက် ရုံအဆောက် အဦ များအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး လက်ရှိအချိန်အထိ ယမ်းသိုလှောင်ရုံမီး လောင်နေကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှု နှင့် အဆောက်အဦးပျက်စီးမှု အသေးစိတ်ကို ထပ်မံစုံစမ်းလျက်ရှိကြောင်း သိရသည်။
“ညကတည်းက မီးလောင်နေတာ အခုမနက်အထိ မငြိမ်းသေးဘူးလို့ သိရပါတယ်၊ အနားကို ဘယ်သူမှ အကပ်မခံဘူး၊ အနီးအနားက ရွာတွေကို ရွှေ့ခိုင်းတယ်လို့ သတင်းရထားပေမယ့် အတည်ပြုလို့ တော့ မရ သေးဘူးဗျ၊ ကျနော်တို့ ရဲဘော်တွေအားလုံး လုံခြုံတဲ့နေရာကို ရောက်ရှိပါပြီ” ဟု PRA (Magway )မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA(Magway) နှင့် Z-Fighter ပြောက် ကျားတပ်ဖွဲတိုပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုစစ်ဆင်ရေးသည် မဟာဗျူဟာမြောက် ပစ် မှတ်များ ချေမှုန်းတိုက်ခိုက်ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အရင်းအမြစ်များ၊ ထောက်ပို့ ယန္တရားများကို တိုက်ခိုက်ဖြတ်တောက်ခြင်းဖြင့် တစ်နိုင်ငံလုံး၏ တော်လှန်ရေးအရှိန်အဟုန်ကို အ ထောက် အကူဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း PRA(Magway) က ထုတ်ပြန်ထားသည်။
PRA(Magway) အနေဖြင့် ဒေသအသီးသီး လူမျိုးစုအသီးသီး၏ တော်လှန်တိုက်ပွဲဝင်မှုများနှင့်အတူ ဟန် ချက်ညီညီ ပူးပေါင်းပါဝင်သွားမည်ဖြစ်ပြီး မကွေးတိုင်း ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသ လွတ် မြောက်ရေးအတွက် မဟာမိတ်အင်အားစုများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိ ပေးထားသည်။