မကွေးတိုင်း၊မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့ စီကောင် အထိုင်စခန်းမှ ရေခပ်ဆင်းလာသော ရဲနှင့်စစ်သား ၂ ဦးကို တိုက်ခိုက်ရာ ၂ ဦးစလုံး သေဆုံးပြီး သေနတ် ၁ လက်ရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီကျော်အချိန် မြစ်ခြေမြို့ စီကောင်စစ်တပ်အထိုင်စခန်းမှ ရေခပ်ဆင်းလာသော ရဲနှင့်စစ်သား ၂ ဦးကို ပခုက္ကူခရိုင် အမှတ် ၈ တပ်ရင်းမှ တပ်ခွဲမှူး ဦးစီးသော ရဲဘော် ၇ ဦး ပါ အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ရဲ ၂ ဦး စလုံး သေဆုံးပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သေဆုံးသွားသော စစ်သားနှင့်ရဲ ၂ ဦးထံမှ G3 ၁ လက် ၊ကျည်ဘောက် (၂) ခု ၊ကျည် (၈၁) တောင့် ၊ လက်ပစ်ဗုံး (၁) လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိခဲ့ကြောင်း သိရှိရသည်။