ချင်းပြည်နယ်၊ မတူပီ-မင်းတပ် လမ်းပိုင်းရှိ စစ်တပ်၏ ကာကင်းကုန်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး လက်နက် ၃ လက် ရရှိခဲ့ကြောင်း CDF-Matupi က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မတူပီ-မင်းတပ်လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ကာကင်းကုန်စခန်းကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ဖြိုးမင်းထက် အပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး MA-3 ၂ လက်၊ MA-5 Pistol ၁လက် ကို သိမ်းဆည်းရရှိခဲ့ပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူမီမှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။