ပဲခူးတိုင်းကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို KNLA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ အပြီး သတ် တိုက်ခိုက် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။
“တစ်ပြိုင်တည်း တပ်ရင်း ၂ ခု၊ မြို့တစ်မြို့ ရပြီ။ ခမရ ၅၉၉ တုံးတော တပ်ရင်း၊ ခမရ ၅၉၀ ရေအိုးစဉ် တပ်ရင်း၊ မုန်းရဲစခန်း၊ မုန်းသံတံတား တို့ကို သိမ်းပိုက်ရရှိပြီဖြစ်ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် အပါအဝင် တော်လှန်ရေး မဟာမိတ်တပ်များက စစ်ကိုင်းတိုင်းတွင် ကောလင်းမြို့၊ ခမ်းပတ်မြို့၊ ရွှေပြည်အေးမြို့တို့ကို သိမ်း ပိုက်ရရှိပြီးနောက် ပဲခူးတိုင်းတွင် မုန်းမြို့ကို ပထမဆုံး သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်ဘက်ကမူ မုန်းမြို့ကို လက်ရှိတွင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
နိုင်ငံတစ်ဝန်းလုံးတွင် တိုင်းရင်းသားတပ်ဖွဲ့များ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားသော မြို့ပေါင်း ၂၁ မြို့ရှိလာပြီဖြစ်သည်။