တောင်ကိုရီးယားနိုင်ငံ၊ဒယ်ဂူးမြို့တွင် MFDMC (မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်)ပြည်ပထောက်ပို့များတွေ့ဆုံဆွေးနွေးပွဲနှင့် CDM ဗိုလ်ကြီးလင်းထက်အောင်ကို တွေ့ဆုံကြိုဆိုပွဲအခမ်းအနားပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် လက်ရှိနွေဦးတော်လှန်ရေးနှင့်စစ်ရေးအတွေ့အကြုံများအားသာချက် အားနည်းချက်များကို CDM ဗိုလ်ကြီးလင်းထက်အောင်မှ အကြံပြုပြောကြားကာ တော်လှန်ရေး တက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းမှတော်လှန်ရေးကာလကြာမြင့်လာသည်နှင့်အမျှ တော်လှန်ရေးသမားတွေအနေနှင့် ပုံရိပ်ကောင်း ရှိရန်နှင့် ပြည်ပရောက် တော်လှန်ရေးသမားများ အနေနှင့် ထောက်ပို့ငွေအရှိန်အဟုန်မြင့်တင်ရန်၊ ဆန္ဒပြပွဲများ ရန်ပုံငွေထောက်ပို့နိုင်ရေးပွှဲများအင်တိုက်အားတိုက်ပါဝင်ပေးရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။