မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပညာရေး နှင့် ကျမ်းမာရေး စောင့်ရှောက်မှု အသင်းကြီး (EHM ) မှ ကြီးမှူး၍ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း ဦးဆောင်သည့် Freedom Tattoo ကမ်ပိန်းကို ကွာလာလမ်ပူမြို့ EHM ရုံးခန်းတွင် ပြုလုပ်ကျင်းပခဲ့သည်။
ကမ်ပိန်းပြုလုပ်သည့် အခန်းအနားကို မလေးရှားရှိ တော်လှန်ရေး အင်အားစုများ ၊ တော်လှန်ရေး အသင်းအဖွဲ့ များနှင့် တိုင်းရင်းသားရုံးများမှ ကိုယ်စားလှယ်အချို့တက်ရောက်ဝန်းရံခဲ့ကြကြောင်း၊ မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် တက်တူးပညာရှင်များမှ ကမ်ပိန်းဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြပြီး တက်တူးထိုးခြင်းမှ ရရှိလာသည့် ငွေများကို Freedom Tattoo ကမ်ပိန်းမှ တစ်ဆင့် စစ်ဘေးရှောင်ပြည်သူများနှင့် မြေပြင်လိုအပ်ချက်များအတွက် ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။