ဒေနိ(ဒီဇမ်ဘာ ၄ ရက်နိ) မိုးထစောစော ၄ နာရီလောက်က စစ်တွေမြို့နယ်မာ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးနန့် တသိတမင်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သီဆုံးလားပြီးကေ ကိုရင်တပါးအပါ အဝင် ၃ ယောက် ဒဏ်ရာရလားကြောင်း သိရပါရေ။
သီဆုံးလားရေလူမာ စစ်တွေမြို့နယ် ချီလိုင်ဖင်းရွာက ဦးလှသိန်းထွန်း(ခေါ်)ညီညီ (၅၂ နှစ်)ဖြစ်ပြီးကေ ချီလိုင်ဖင်းရွာက ဦးအောင်ကျော်သန်း (၅၀နှစ်)နန့် ချီလိုင်ဖင်းရွာမာ စစ်ဖီးယှောင်နီရေ ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာက ကိုရင်တပါး နန့် အမျိုးသမီးတယောက် ဒဏ်ရာရလားပါရေ။
ဒေနိမိုးထစောစော ၄ နာရီလောက်မာ စစ်တွေမြို့နယ်၊ပါဒလိပ်အခြီစိုက်စစ်ကောင် စီတပ် ခမရ (၃၄၄) တပ်ရင်းက ချီလိုင်ဖင်းရွာကိရည်ရွယ်ချက်ဟိဟိ ယမ်းကား ပစ်ခတ်တေခါ လက်နက်ကြီးကျည်တိထဲက ၂ လုံးစွာ ချီလိုင်ဖင်းရွာဟိ ဦးလှသာထွန်း၏နီအိမ်ခြံဝင်းနန့် ဦးအောင်ကျော်သန်း၏ နီအိမ်ခြံဝန်းထဲသို့ကျရောက်ပေါက်ကွဲခပါရေ။
ယင်းပိုင် လူမဆန်စွာ ပစ်ခတ်မှုကြောင့်ဦးလှသိန်းထွန်းမာ လက်နက်ကြီးစထိမှန် သီဆုံးလားခရပြီးကေ ဦးအောင်ကျော်သန်းနန့် ယင်းရွာသို့ စစ်ဖီးယှောင်ဖို့ရောက်နီရေ ရဲရိုးပြင်ရွာက ကိုရင်တပါး၊အမျိုးသမီး တယောက်လည်း ဒဏ်ရာတိ ရလားစွာဖြစ်ပါရေ။
လက်ဟိမာ ဒဏ်ရာရလားလူတိကို စစ်တွေဆီးရုံသို့ပို့ဆောင်ထားပြီးကေ ယင်းအထဲက ဦးအောင်ကျော်သန်းမာ ဒဏ်ရာပြင်းထန်လို့ စိုးရိမ်ရကြောင်း သိရပါရေ။