စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ပျူစောထီးတစ်ဦး လက်နက်ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ABSDF Column -3 ထံမှ သိရသည်။
ဒီဇင်ဘာလ ၂ ရက် ည ၁၀ နာရီခန့်က ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှ ပျူစောထီးတစ်ဦးသည် အ ကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံများနှင့် ဆက်လက် လက်တွဲလိုစိတ်မရှိသဖြင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် ၃ စစ်ကြောင်း ၊ တပ်ရင်း အမှတ် ၁၄ ၊ (ချင်းတွင်းဒေသ) သို့ Type- 81 အမျိုးအစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ဘောက် ၊ ၇.၆၂ မီလီမီတာကျည် ၈၆ တောင့် ၊ ၅.၅၆ မီလီမီတာကျည် ၁၄ တောင့် ၊ လက်ပစ်ဗုံး ၁ လုံးနှင့် စကားပြောစက် ၁ လုံး တို့ ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့သို့ အလင်းဝင်ရောက်ခဲ့သည့် ပျူစောထီးကို ကျောင်းသားတပ်မတော် အမှတ် ၃ စစ်ကြောင်း ၊ စစ် ကြောင်းမှူး ရဲဘော်မင်းဌေး မှ နွေးထွေးစွာကြိုဆိုခဲ့ပြီး လုံခြုံသောနေရာသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နှင့် ၂၅ ရက် နေ့တို့ကလည်း ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူ စော ထီး ကျေးရွာတွင် မနေထိုင်လို၍ ထွက်ပြေးလာသည့် ပြည်သူ ၉ ဦးကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပ.က.ဖ) နှင့် ပူးပေါင်းဆာင်ရွက်ကာ သွားရောက်ခေါ်ဆောင်ခဲ့ပြီး နွေးထွေးစွာ ကြိုဆို၍ လုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့ကြောင်း ABSDF Column – 3 က ထုတ်ပြန်ထားသည်။