စစ်ကိုင်းတိုင်း ၊ကလေးမြို့နယ်၊ နွေဦးအကျဥ်းထောင်မှာ ထိန်းသိမ်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်တို့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း အကျဥ်းသားများကို ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝပေးပြီး လူ့အခွင့်အရေးနဲ့အညီ ပြုမူဆောင်ရွက် တယ်လို့ ကလေးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ ဒီဇင်ဘာ ၃ ရက်စွဲနဲ့ သတင်းထုတ်ပြန် ထားပါတယ်။
နွေဦးအကျဥ်းထောင်ထဲရောက်ရှိနေတဲ့ စစ်သုံ့ပန်း အကျဥ်းသား များကို ဒီဇင်ဘာ ၂ ရက်နေ့က ကလေးမြို့နယ် ရဲတပ်ဖွဲ့မှူး၊မြို့နယ် ဘဏ္ဍာရေးမှူး၊ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်တို့မှ သွားရောက် တွေ့ဆုံခဲ့ကာ၊ အသိပညာပေးစကားများ ပြောဆိုခဲ့တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။