မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ လေကြောင်းရန်နဲ့ မိုင်းအန္တရာယ်ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောသင်ကြား ပြသတာကို ဒီဇင်ဘာ ၅ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
လေကြောင်းရန်နဲ့ မိုင်းအန္တရာယ်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောတာကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၊ မြိုနယ်ပညာရေးတာဝန်ခံ မြို့နယ်ကျန်းမာရေးတာဝန်ခံ၊ မြို့နယ်လူသားစာနာတာဝန်ခံတို့ပူးပေါင်းပြီး ကျေးရွာတစ်ရွာမှာ ပြုလုပ်ခဲ့ကြတာပါ။
အဲဒီလို ပြုလုပ်ရာမှာ ကျောင်းသား၊ ကျောင်းသူများနဲ့ ကျေးရွာပြည်သူများအား လေကြောင်းရန်အန္တရာယ်ကာကွယ်ရေး၊ ဗုံးခိုကျင်းအကြောင်း၊ လက်နက်ကြီးလက်နက်ငယ်၊ မိုင်းအန္တရာယ် အကြောင်းများ အသိပညာပေး ဟောပြောခြင်းနဲ့ လက်တွေ့သင်ကြားပြသမှုများ၊အစမ်းလေ့ကျင့် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံမှ သိရပါတယ်။