စစ်ကောင်စီက တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့်နှုန်းသေသတ်မှတ်ထားသော ဒေါ်လာဈေးကို ဈေးကွက်အတိုင်း နှုန်းရှင်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ဒီဇင်ဘာ ၅ ရက် ရက်စွဲဖြင့်ထုတ်ပြန်သည်။
အာဏာသိမ်းပြီးကတည်းက ဒေါ်လာနှင့်ပတ်သပ်၍ မုဝါဒအမျိုးမျိုးပြောင်ူနေရာမှ ယခုတစ်ကြိမ်တွင် နိုင်ငံခြားငွေ
ကြေးဈေးကွက်၌ အရောင်းအဝယ်ပြုလုပ်ရာတွင် ငွေလဲနှူန်းကို စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ပေးမည်မဟုတ်ဘဲ ရောင်းသူနှင့်ဝယ်သူတို့ကြား သတ်မှတ်သည့် ငွေလဲနှုန်းအတိုင်း လွတ်လပ်စွာဆောင်ရွက်နိုင်သည်ဟု စစ်ကောင်စီက ဆိုပြန်သည်။
ထိုကြေညာအချက်အရငွေကြေး ဈေးကွက်အတွင်း ယခင်ဈေးထိန်းထားသောဒေါ်လာဈေးမြင့်တက်လာပြီး ကျ၉ပ်ငွေတန်ဖိုးကျဆင်းတော့မည်ဖြစ်သည်၊ ထိုသို့ပြုလုပ်ခြင်းမှာ စစ်ကောင်စီက ဒေါ်လာလိုအပ်ချက်ကြီးမြင့်လာမှုကို ပြသနေခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်သည်။
“သူတို့(စစ်ကောင်စီ)မှာ ဒေါ်လာမရှိတော့လို့ သွင်းကုန်လုပ်ငန်းရှင်တွေကို သူတို့သတ်မှတ်တဲ့ ဈေးနဲ့ မရောင်းပေးနိုင်တော့ဘူး။ ဒါကြောင့် ဒေါ်လာဈေးကို ဈေးကွက်အတိုင်း သတ်မှတ်လိုက်တာပါပဲ။ သူတို့က ဒေါ်လာမထောက်ပံ့နိုင်တော့လိုပါ”ဟု ရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
နိုင်ငံတစ်ဝန်းစက်သုံးဆီ ရှားပါးပြတ်လပ်နေသလို ၊စစ်ကောင်စီက ဒေါ်လာ လိုနေပြီး ထိန်းချုပ်ထားမှု ပယ်ဖျက်လိုက်၍ ကျပ်ငွေတန်ဖိုးကျဆင်းလာသလို ကုန်ဈေးနှုန်းများလည်းတက်လာတော့မည်ဖြစ်ကြောင်း လုပ်ငန်းရှင် အချို့ကပြောသည်။
ဒီဇင်ဘာ ၅ ရက် (ယမန်နေ) က တစ်ဒေါ်လာကို ကျပ် ၃၅၀၀ အထက်တွင်ပေါက်ဈေးရှိနေသော်လည်း ယနေ့နေ့လယ်ပိုင်းအထိ ပြင်ပဈေးကွက်အတွင် ဒေါ်လာဈေး
မဖွင့်နိုင်ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ထိုင်းဘတ်ဈေးမှာ ယနေ့ဈေးကွက်တွင် တဘတ်ကို ၉၇ ကျပ်အထိ ရှိလာကြောင်း ငွေလဲဈေးကွက်မှသိရသည်။
စစ်ကောင်စီက ဒေါ်လာငွေလဲနှုန်းအသေသတ်မှတ်ချက်ကို ရုတ်တရုက်စွန့်လိုက်ပြီး ဒေါ်လာထောက်ပံ့နေသည့် ကဏ္ဍများကို နိုင်ငံခြားငွေ မထောက်ပေးနိုင်တော့ကြောင်း စီးပွားရေးပညာရှင် ရှောင်တာနယ်ကလည်းသုံးသပ်ထားသည်။ ထိုကြောင့် အာဏာသိမ်းစစ်ကောင်စီသည်
ဘဏ္ဍငွေကြေးနှင့်ပတ်သတ်ပြီး ထိန်းချုပ်နိုင်စွမ်း၊ အကြံဉာဏ်များနှင့် ဘဏ္ဍာငွေကြေးများလည်း လုံးဝမရှိတော့ဟု စီးပွားရေးပညာရှင် ဒေါက်တာ ရှောင်တာနယ်ကရေးသားထားသည်။ ထိုညွှန်းကိန်းအားလုံးသည် တူညီသောလာရားတစ်ခုသို့ဦးတည်နေကြောင်းရှောင်တာနယ်ကသုံးသပ်ထားသည်။