ခင်ဦးမြို့နယ်အတွင်း၌ အမျိုးသားနေ့ အထိမ်းအမှတ်အနေဖြင့် ဒီဇင်ဘာလ ၇ရက်နေ့ ညနေပိုင်းတွင် စစ်အာဏာရှင် အလိုမရှိကြောင်း စုပေါင်းဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပွဲတွင် ကျေးရွာ ၅ရွာမှ ပြည်သူ လူဦးရေ ၄၀၀ ကျော်သည် အညာဖက်ဒရယ် အောင်ရမည်ဟု ကြွေးကြော်ဆန္ဒပြခဲ့ကြပြီး ” ၁၀၂၇/၁၁၂၇ စစ်ဆင်ရေး ပြည်သူအားလုံးပါဝင်ပေး”၊ “၁၀၂၇/၁၁၂၇ ရဲဘော်တွေ တိုက်ပွဲတိုင်းမှာနိုင်ပါစေ” ဟုလည်း ကြွေးကြော်ဆုတောင်းခဲ့ကြကြောင်း သိရှိရသည်။