မြန်မာနိုင်ငံရှိ ကျောက်မျက်အသင်း ၃ ခုမှ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ် အမှုဆောင် လုပ်ငန်းရှင် ၄၃ ဦးကို အမည်ပျက်စာရင်းထဲသို့ ထည့်သွင်း လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရားဝင် ကြေညာသည်။
NUGက နာမည်ပျက် အမည်ပျက်စာရင်း ကြေညာလိုက်သော အသင်း ၃ ခုမှာ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်အသင်း ၊ ကျောက် မျက်ရတနာလုပ်ငန်းရှင်အသင်း (ရန်ကုန်) ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်အသင်း (မန္တလေး) တို့မှ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်နှင့် လုပ်ငန်းရှင် ၄၃ ဦးဖြစ်ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၇ ရက်နေ့ တွင် အမိန့်ကြေညာစာအမှတ် ၂ /၂၀၂၃ ထုတ်ပြန်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အကြမ်းဖက်စစ်ကောင်စီ၏ တရားဝင်မှုနှင့် အခွန် သို့မဟုတ် အကျိုးအမြတ် စသည်တို့အပေါ် တနည်းတလမ်းအားဖြင့် အကျိုးပြုနေသည့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (Myanmar Gems and Jewellery Entrepreneurs Association) နှင့်တကွ လက် အောက်ခံ အသင်းခွဲများအား ဖွဲ့စည်းပုံနှင့်တကွ ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ အမိန့် ထုတ်ပြန်ပြီးနောက် အဆိုပါအသင်းနှင့် လက်အောက်ခံအသင်းခွဲများတွင် ဆက်လက် ပါဝင်လုပ်ကိုင်နေခြင်း၊ ပူးပေါင်းလုပ်ကိုင်နေခြင်း၊ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေများကို ဆက်လက်သုံးစွဲနေခြင်း၊ အသင်း၏ အမည်ဖြင့် ဆက် လက်ဆောင်ရွက်ခြင်း ပြုလုပ်နေသော လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ စသူတို့အား အကြမ်း ဖက်စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသူများအဖြစ် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း NUG က ကြေသည်။
အဆိုပါ အမိန့်ကို လိုက်နာခြင်းမရှိဘဲ အဆိုပါအသင်းအဖွဲ့များတွင် ဆက်လက်ပါဝင်လုပ်ကိုင်နေ သော ပူးတွဲစာရင်းပါ လုပ်ငန်းရှင်များကို အမည်ပျက်လုပ်ငန်းရှင်စာရင်း ထည့်သွင်းလိုက်ကြောင်း၊ ဆက်လက် ပါဝင်လုပ်ကိုင်နေပါက လိုအပ်သလို အဆင့်ဆင့် ဆက်လက်အရေးယူသွားမည်လည်း ဖြစ်ကြောင်း NUG က အသိပေးထားသည်။