ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်း တပ်စခန်း မကျစေရေးအတွက် စစ်တပ်က ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ပြီး အပြင်းအထန်ခုခံနေတယ်လို့ ဒေသပြည်သူများထံက သတင်းရရှိပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့တွင် မွန်းလွဲ ၂ နာရီမှစတင်ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၃ စီး၊ ဂျက်တိုက်လေယာဉ် ၁ စီးနဲ့ လာရောက် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။