မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ်(၃) စစ်ကြောင်းတွင် ယနေ့ ဒီဇင်ဘာလ ၁၀ နေ့၌ ကျရောက်သော ၇၅ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ပြုလုပ်ခဲ့ကြသည် ။
ရဲဘော်များသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စကားဝိုင်း ဆွေးနွေးပွဲ အပြင် “လူ့ဂုဏ်သိက္ခာနှင့်အညီလွတ်လပ်မျှတခြင်းဆီလှိုင်းများနှင့်အတူချီ” ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့ (၇၅)နှစ်ပြည့်အထိမ်းအမှတ် ပိုစတာ ကမ်ပိန်းတွင် ပါဝင်ခဲ့ကြသည်။