မကွေးတိုင်း၊ ဆောမြို့နယ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပညာရေးဝန်ကြီးဌာန လက်အောက်မှာ လည်ပတ်နေတဲ့ စာသင်ကျောင်း တကျောင်းမှာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ပန်းချီပြိုင်ပွဲပြုလုပ်ခဲ့ပါတယ်။
အဲဒီပန်းချီပြိုင်ပွဲမှာ မကွေးတိုင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ ပန်းချီပြိင်ပွဲဝင်ကလေးတွေနဲ့ တက်ရောက်လာတဲ့ ဒေသခံပြည်သူတွေကို အစား အသောက်တွေ ကျွေးမွေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စာင်ကျောင်းမှာ ဒေသခံကျောင်းသား၊ကျောင်းသူတွေနဲ့ စစ်ဘေးရှောင်ကလေး (၆၂)ဦး ပညာသင်ကြားနေကြပြီး CDMဆရာ မရှိပေမဲ့ ဒေသတွင်းတက်ကြွလူငယ်များက Volunteerဆရာ၊ဆရာမအဖြစ် စစ်ရှောင်မှ စစ်ရှောင်ကို ပညာသင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။