တောင်ကိုရီးယားနိုင်ငံ၊ဒယ်ဂူးမြို့တွင် The Way ရုပ်ရှင်ဇာတ်ကားပြသခဲ့ပြီး ကိုလင်းလင်း၏ ဂစ်တာကို လေလံတင်ခဲ့ရာတွင် ကိုရီးယားဝမ်သိန်း ၇၀ မြန်မာကျပ်ငွေ သိန်း ၁၇၀ ခန့်ဖြင့် အောင်မြင်စွာရောင်းချနိုင်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် CDM ဗိုလ်ကြီးလင်းထက်အောင်၊စာရေးဆရာမမရွှေမိုး၊ MFDMC ထောက်ပို့အဖွဲ့သားများ ၊တော်လှန်ရေးတက်ကြွလှုပ်ရှားသူ လူဦးရေ ၃၀၀ ကျော်ကြည့်ရှု့အားပေးခဲ့ကာ ဒယ်ဂူး ဘုန်းဘုန်းမှ နွေဦးတော်လှန်ရေးတွင် ပြည်သူ့ရှေ့ကမားမားမတ်မတ်ရပ်တည်ပေးသော အနုပညာရှင်များအား လှိုက်လှိုက်လဲလဲဂုဏ်ယူပါကြောင်း၊ ပြည်ပရောက် ပြည်သူများ အနေနှင့် နွေဦးတော်လှန်ရေးအမြန်ဆုံးအောင်မြင်ချင်လျှင် ငွေကြေးများများထောက်ပို့ပေးရန် အဖွင့်အားပေးစကားပြောကြားခဲ့သည်။