Dawei Watch သတင်းဌာန၏ မြိတ်အခြေစိုက် သတင်းသမား ၂ ဦး ကို စစ်ကောင်တပ်က ဒီဇင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင် အချိန်တွင် ဖမ်းဆီးသွားကြောင်း Dawei Watch ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန် သည်။
Dawei Watch သတင်းဌာန၏ သတင်းထောက်များ ဖြစ်သည့် ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင့်ဦးတို့ကို စစ်ကောင်စီက ဒီဇင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင်အချိန်တွင် နေအိမ်များ၌ လာရောက် ဖမ်းဆီးသွား ဖြစ်ကြောင်း သိရသည်။
သတင်းရေးသားမှုကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း လာရောက်ဖမ်းဆီးချိန်တွင် စစ်ကောင်စီတပ်သားများက မိသားစုကို ပြောဆိုခဲ့ကြောင်း Dawei Watch ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
Dawei Watch သတင်းဌာန၏ သတင်းထောက် နှစ်ဦး ကို ဖမ်းဆီးရာတွင် ဖမ်းဝရမ်းမပါဘဲ ညသန်းခေါင်အချိန်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားပြီး ဖမ်းဆီး စစ်ဆေးနေကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း ဆိုသည်။
Dawei Watch ၏ စုံစမ်းမှု အရ ၎င်းတို့မှာ စစ်ကြောရေးစခန်းတွင် ချုပ်နှောင်စစ်ဆေးနေကြောင်းဆိုသည်။ ဖမ်းဆီးချိန်မှာ Dawei Watch မီဒီယာပိုင် လက်တော့ပ် ၂ လုံးအပါအဝင် သတင်းထောက်များ၏ ဖုန်းများနှင့် မိသားစုဝင်များ၏ ဖုန်းများကို သိမ်းဆည်းသွားကြောင်း သိရသည်။
သတင်းရေးသားခြင်းမှာ ပြစ်မှုကျူးလွန်ခြင်းမဟုတ်သည့်အတွက် ဖမ်းဆီးပိုင်ခွင့်မရှိကြောင်း ဥပဒေမဲ့ ဖမ်းဆီးစစ်ဆေးခြင်းခံနေရသည့် Dawei Watch သတင်းဌာ၏ သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း Dawei Watch ကထုတ်ပြန်ထားသည်။