ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းပြည်နယ် ၊ နမ့်ခမ်းမြို့မှာ စစ်ရှောင် ၂၀၀ ကျော် ခိုလှုံနေတဲ့ ဘုန်းကြီး ကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ TNLAက ဒီနေ့ညနေမှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်တပ်က နမ့်ခမ်းမြို့၊ ပေါက်တိုက်မရပ်ကွက်မှာရှိတဲ့ စစ်ဘေးရှောင် (၂၆၀)ကျော် ခိုလှုနေတဲ့ ဇေယျသုခဘုန်းတော်ကြီးကျောင်းဝန်းအတွင်းကို မနေ့က ဒီဇင်ဘာလ ၁၃ ရက်၊ ညနေ ၄နာရီ၅၀မိနစ်အချိန်မှာ ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီဘုန်းတော်ကြီးကျောင်းမှာ နမ့်ခမ်းမြိုနယ်က စစ်ရှောင်ဦးရေ (၂၆၂)ဦးဟာ လာရောက်စစ်ဘေးရှောင်နေကြတာလို့ ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ အအဆိုပါ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုရင်ငယ်တစ်ပါး ကျည်စထိမှန်ဒဏ်ရရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ မနေ့က မူဆယ်မြိုနယ် အထက်တုန်ခန်ကျေးရွာ နဲ့ နမ့်ခုမ်ကျေးရွာအနီးကိုလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကောင်းရာကျေးရွာအနီးကို Y12 လေယာဉ်နဲ့ ဗုံး (၆)လုံး လာရောက်ပစ်ခတ်ခဲ့သေးတယ်လို့ TNLA က အသိပေးထုတ်ပြန်ထားပါတယ်။