ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲရာ လူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၂ လမ်း ၊ Pro 1 ရှေ့တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး လူ ၁ ဦးသေဆုံးကြောင်း ၊ ယင်းနောက် စစ်တပ်က အမှတ် ၂ လမ်းမကြီးကို ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။
“ဗုံးပေါက်တာက လူ ၁ ဦးသေဆုံးပါတယ်။ ၁ ဦးတော့ဒဏ်ရာရတယ်။ စစ်တပ်က အမှတ် ၂ လမ်းမကြီးကို ပိတ်ပြီး စစ်ဆေးမှုတွေ လုပ်တယ်။ လာတဲ့ကားတွေ အကုန်လုံးကို ပြန်လှည့်ခိုင်းတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၁ ခုတွင် ယမန်နေ့ ညပိုင်းမှစတင်ပြီး ယခု နံနက်ပိုင်းအထိ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားနေကော ယခုအချိန်အထိ လူ ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ တချို့ရှိကြောင်း ဒေသပြည်သူများနှင့် ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။