ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ရွာသာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မောင်တောမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ နခခ ၅ က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာသာယာရွာရှိ အသက် ၅၈ နှစ် အရွယ် ဒေါ်မသာနု ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေါ်မသာနု၏ ဦးခေါင်းကို ကျည်စထိမှန်ခဲ့ပြီး နွား ၁ ကောင်လည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း နခခ ၅ တပ်ရင်းက မောင်တောမြို့နယ်၊ ရွှီရင်အီးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ရွာသား ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ်၊ ရေလာလေးပျူစောထီးရွာမှ ရေလာကြီးဘက်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် သဖြင့် ရေလာကြီးရွာမှ ပြည်သူ ၁ ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း We Love Myaing အဖွဲ့ထံမှ သိရသည်။