ဒေနိ(ဒီဇမ်ဘာ ၁၅ ရက်နိ)နိခင်းက မောင်တော၊မြို့သူကြီး အခြီစိုက် နခခ(၅)တပ်ရင်းစွာ မောင်တောမြို့နယ်၊ ရပ်ရွာတချို့ဟိ ရွာသားတိကို ရွာက အတင်းအဓမ္မ နှင်ထုတ်ပနာ ယင်းရွာတိကိုလက်နက်ကြီးနန့်ပစ်ခတ်တိုက်ခိုက်ကြောင်း သိရပါရေ။
ဒေနိ၊နိခင်း ၂ နာရီအချိန်လောက်မာ မောင်တောမြို့နယ်၊ တပ်ဦးချောင်းကျေးရွာအုပ်စု၊ ကန်သာယာအထက်ရွာ၊ ကန်သာယာအလယ်ရွာနန့် ကံပြင်သာစည်ရွာတိကို စစ်ကောင်စီက လက်နက်ကြီးပစ်ဖို့ဖြစ်လို့ ယင်းရွာတိမာ သီတင်းသုံးနီရေ ဆရာတော်သံဃာရို့အပါအဝင် ရပ်သူရွာ သားတိအားလုံးကို ရွာထဲက ထွက်လားကတ်ဖို့ နခခ (၅) က ဖိအားပီးပြောဆိုခပါရေ။
ယင်းပိုင် စစ်ကောင်စီက ရွာသားတိကို ရွာကထွက်လားဖို့ အတင်းအဓမ္မဖိအားပီးပြီးနောက် ညဇာ ၅ နာရီခွဲလောက် မာ စစ်ကောင်စီ နခခ (၅)တပ်ရင်းက လက်နက်ကြီးနန့် စလို့ပစ်ပါရေ။
နခခ(၅) ပစ်လိုက်တေ လက်နက်ကြီးကျည်တိစွာ ကံပြင်သာစည်ရွာနန့် ရွာသာယာကြားသို့ ၃ လုံးကျရောက်ပေါက်ကွဲပြီး၊ ရွာသာယာရွာက အမျိုးသမီးတယောက် ထိ ခိုက်ဒဏ်ရာရလားရေလို့လည်း ဒေသခံရွာသားတိက ဆိုပါရေ။
ကုန်ခရေ ဒီဇမ်ဘာ ၄ ရက်နိကလည်း ယင်းနခခ (၅) တပ် ရင်းစွာ မောင်တောမြို့နယ်၊ ရွှီရင်အီးရွာအုပ်ချုပ်ရီးမှူးကို လက်နက်ကြီးပစ်ခတ်ဖို့လို့ ခြိမ်းခြောက်ပြောဆိုပြီးကေ ရည်ရွယ်ချက်ဟိဟိနန့် လက်နက်ကြီး (၄) ကြိမ်ပစ်ခတ်ခရာ ယင်းလက်နက်ကြီးကျည်တိထဲက နှစ်လုံးစွာ ရွှီရင်အီးရွာထဲသို့ ကျရောက် ပေါက်ကွဲခပြီးကေ ရွာသား ၄ ယောက် ထိခိုက်ဒဏ်ရာ ရဟိခပါသိမ့်ရေ။
စစ်ကောင်စီတပ်စွာ မောင်တောမာ ရွာတိကို လက်နက် ကြီးနန့်ပစ်ဖို့ အဂုပိုင် ကြိုတင်ခြိမ်းခြောက်မှု တခါတလီလုပ်တေပိုင် အများအားဖြင့် တခုချေလေ့ အသိမပီးဘဲ ပစ်ချင်ပိုင်ပစ်နီစွာကပိုများကြောင်း ဒေသခံတိကပြောဆို ကတ်ပါရေ။