ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အရက်မူးနေသည့် စစ်ဗိုလ် ၁ ဦး ဆိုင်ကယ် မှောက်၍ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် တပ်တွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမ ဖြတ်လမ်း၊ ဘန့်ဘွေးကုန်းကျေးရွာနှင့် အောင်ဆန်းမြိုင်(ဝံလူး)ကျေးရွာ အကြားရှိ သဲဖြူကွေ့ ကားလမ်းပိုင်းတွင် ကင်းပုန်းဝပ်ပြီး ပြန်လာသည့် အရက်မူးနေသော စစ်ဗိုလ် ၁ ဦး ဆိုင်ကယ်မှောက်၍ သေဆုံးသွားကြောင်း သိရသည်။
” အဲ့စစ်ခွေးက ၃ ပွင့် ယူနီဖောင်းဝတ် အရက်က မူးနေတာ ဟိုင်းယုလမ်းဆုံကနေ ခလရ ၁ တပ်ကို ပြန်လာရင်း မှောက်တာ အဲ့နေ့ညနေကပဲ ပရဟိတ အသင်းကားနဲ့ လာသယ်သွားတယ်။ PDF တွေ လက်ချက်ကြောင့် သေတာဆိုပြီး သတင်းလွှင့်ထားတယ်။ အလောင်းလာသယ်တော့လည်း သေနတ် ၅ ချက် ဖောက်သွားတယ်” ဟု ဒေသပြည်သူများနှင့် တပ်ရင်း သတင်းရင်းမြစ်က ပြောဆိုသည်။