မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ အလောင်း လာကောက်သည့် စစ်သားများပါ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Wundwin Township Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝမ်းတွင်းမြို့နယ် ကမ်းပါးနီရွာသား ပျူစောထီးအဖွဲ့ဝင် တင်မင်းကို Wundwin Township Revolution Force (WTRF) အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသွားသော ပျူစောထီး အလောင်းကို လာကောက်သည့် စစ်သားများလိုက်ပါလာသော ယာဥ်တန်းကိုလည်း WTRF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကား ၁ စီး ထိမှန် ပျက်စီးခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။