တောင်ကိုရီးယားနိုင်ငံ ဂူမိမြို့တွင် အသောကသုခ ဂူမိ အဖွဲ့နှင့်ဒယ်ဂူးဘုန်းဘုန်းတို့အလှူခံထွက်ရှိခဲပြီး လစဉ်မြန်မာနိုင်ငံစစ်ဘေးရှောင်ပြည်သူများအားထောက်ပို့လှူဒါန်းလျက်ရှိကြောင်း၊ ဒီဇင်ဘာလအတွက် အလှူခံရရှိငွေများကို စပါးအတင်း ၂၀၀၊ ဆန်အတင်း ၈၀ ကျော်အတွက် တန်ဖိုးအလှူငွေ သိန်း ၃၀ ကျပ်တို့ကို စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်ရှိသော ကင်မွန်းခြုံစခန်းသို့ ဒယ်ဂူးဘုန်းဘုန်းနှင့်အသောကသုခ ဂူမိအဖွဲ့ ပူးပေါင်းလှူဒါန်းသွားမည်ဖြစ်ကြောင်းသိရှိရသည်။