စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာသပိတ်ကို ယနေ့ (ဒီဇင်ဘာ ၁၇) နံနက်က ဆင်နွှဲခဲ့ကြသည်။
ဒေသခံပြည်သူများက ကြက်သွန်စိုက်ပျိုးရင်း “စစ်အာဏာရှင် ကျဆုံးရေး ဒို့အရေး” ၊ “မုဒိမ်းစစ်တပ် အမြစ်ဖြတ်” ၊ “မီးရှို့စစ်တပ် အမြစ်ဖြတ်”၊ “NUG အစိုးရ ဒို့အစိုးရ” ၊ “အရေးတော်ပုံအောင်ရမည်”စသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကို နေ့စဥ်မပြတ် ဆန္ဒပြလျက်ရှိရာ ယနေ့တွင် ရက်ပေါင်း (၉၉၇) ရက်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။