အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “အဖက်ဖက်မှာ ကျရှုံးနေတဲ့အာဏာရှင်စစ်တပ်ကို သံပူခိုက်နာနာရိုက်၍ ငါတို့သွေးချင်းတွေအားလုံးတက်ညီလက်ညီစည်းလုံးမှုနဲ့ အမြစ်ဖြတ်ကြပါစို့။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။