နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ – KNDF တပ်ရင်း ၁၇ မှ ရဲဘော် ၈ ဦး ကျဆုံးခဲ့ရတယ်လို့ အဲ့ဒီတပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါကြောင့် တော်လှန်ရေးကာလအတွင်း တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ အာဇာနည်ရဲဘော်များအား တစ်နှစ်ပြည့် လွမ်းဆွတ်ခြင်းအခမ်းအနားကို ကရင်နီပြည်နယ်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့လည်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၇ က မနေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီကျဆုံး ရဲဘော် ၈ ဦးဟာ တပ်စလောင်းနဲ့သံလွင်ကြားရှိ ပန်လိုကျေးရွာလမ်းခွဲ့ တိုက်ပွဲမှာ ၅ ဦး ၊ တငူးဆိုစခန်းတိုက်ပွဲမှာ ၁ ဦး ၊ ဒေါတဟေးတိုက်ပွဲမှာ ၁ ဦး ၊ ၁၁၁၁ စစ်ဆင်ရေး လွိုင်ကော်မြို့သိမ်းတိုက်ပွဲမှာ ၁ ဦး ကျဆုံးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး အခမ်းအနားကို KNDF စစ်ရေးချုပ် ၊ လွိုင်ကော် KRG Force မှ ဒု-မြို့နယ်မှူး ၊ ရဲဘော်များနဲ့ ဒေသခံပြည်သူများ တက်ရောက်ခဲ့တယ်လို့ အဲ့ဒီတပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။